Tue December, 2024

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေအောင် ဘယ်လိုနေထိုင်မလဲ 😎

YouMe Post Image

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေအောင် ဘယ်လိုနေထိုင်မလဲ 😎


 

Confidence ( ယုံကြည်မှု ) ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံရေးတွေ ဒါမှမဟုတ် public speaking တွေမှာအရေးကြီးပါတယ်။ Confidence ( ယုံကြည်မှု ) ရှိတယ်ဆိုတာက positive self-image ရှိပြီးတော့ ကိုယ့်ကိုယ့်ကို တန်ဖိုးထားတတ်တာကိုဆိုလိုတာပါ။ လက်တွေ့မှာတော့ social situations တွေမှာ လူအများရှေ့ စကားပြောရတာ မကြောက်ဘူး၊ လူတွေကြားထဲမှာ သက်တောင့်သက်သာရှိတယ်လို့ခံစားရတယ်၊ လူတစ်ယောက်ရဲ့ ဘဝ၊ပုံစံတွေနဲ့ ပက်သက်ပြီး positive thinking ရှိတာကိုဆိုလိုတာပါ။ ယုံကြည်မှုရှိဖို့ဆိုရင် ကိုယ့်ဖြစ်တည်မှုကို လက်ခံနိုင်ပြီး ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လက်ခံနိုင်ဖို့လိုအပ်ပါတယ်။


 

Confidence ( ယုံကြည်မှု ) ရှိလာဖို့ဆိုတာ Process တစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လေ့ကျင့်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ကျေးဇူးတင်တတ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လေ့ကျင့်လို့ရတဲ့ နည်းလမ်းလေး ( ၇ ) ချက်ကို ပြောပြမယ်နော်။ 


 

၁. ကိုယ့်ကိုယ်ကို လက်ခံပါ💕


 

ကိုယ်က ပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ ရုပ်ချောသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကို ကိုယ်ကိုယ်တိုင် လက်ခံနိုင်ဖို့ အရင်ကြိုးစားရပါမယ်။ အားနည်းချက်တွေကိုပဲ မြင်ပြီး ကိုယ့်ကိုယ်ကို မချိုးနှိမ်ပါနဲ့။ အားသာချက်တွေကိုလည်း မြင်လာအောင်ကြိုးစားပြီး အားသာချက်တွေကို များများ ထုတ်ပြပါ။


 

၂. တစ်ခုခုကို လေ့လာတတ်တဲ့ အလေ့အကျင့်ထားပါ💕


 

အသစ်သစ်တွေကို အမြဲစောင့်ကြည့်လေ့လာပါ။ ကိုယ်ဝါသနာပါတာတွေလည်း စဉ်ဆက်မပြတ်လေ့လာပါ။ ကိုယ့်အတွက် positive energy တွေရစေမယ့် အရာတွေကို စဉ်ဆက်မပြတ်လေ့လာသင်ယူပါ။


 

၃. Self-care လုပ်ပါ💕


 

ကျန်းမာလိုက်စားပါ။ Gym သွားဖို့အချိန်ရှိရင် gym ဆော့တာဖြစ်ဖြစ်၊ အားကစားပုံမှန်လုပ်ပေးတာ ကောင်းပါတယ်။ ကျန်းမာရေးကောင်းနေရင် ကိုယ့်ကိုယ်ကို physical ပိုင်းရော mental ပိုင်းရော ယုံကြည်မှု ရှိစေပါတယ်။


 

၄. Negative Thoughts တွေကို ရှောင်ပါ💕


 

ကိုယ့်ကိုယ်ကို သူများတွေနဲ့ မနှိုင်းပါနဲ့။ Social Media ပေါ်က ပြီးပြည့်စုံနေတဲ့ လူတွေကို အားကျပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေဝင်ပြီး သူများတွေနဲ့ မပြိုင်ပါနဲ့။ ကိုယ်ကိုယ်ကိုသာ ပြိုင်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ ကိုယ့်ရဲံ အားနည်းချက်တွေကို အခွင့်အရေးအဖြစ် အသုံးချပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ 


 

၅. စမ်းလုပ်ကြည့်ပါ💕


 

ကိုယ်မလုပ်ဖူးတဲ့ အရာတွေကို စမ်းလုပ်ကြည့်ပါ။ ကိုယ်တွက် ခက်ခဲမယ်လို့ထင်ရတဲ့ အရာတွေကို စမ်းလုပ်ကြည့်ပါ။ အမှားလုပ်မိမှာကို မကြောက်ပါနဲ့။ အမှားတွေကတစ်ဆင့် အမှန်ကိုပြင်လို့ရပါတယ်။ အမြဲတမ်းအောင်မြင်နေမှာ မဟုတ်တဲ့တွက် အကြိမ်တိုင်းမှာ သင်ခန်းစာတွေရနိုင်ပါတယ်။


 

၆.လေ့ကျင့်ပါ💕


 

လူတွေကို ရှက်တာ လူတွေကိုကြောက်တာတွေ ကျော်ဖြတ်နိုင်ဖို့ စကားပြောဝိုင်းတွေမှာ တတ်နိုင်သလောက် ကြိုးစားပြီး ပါဝင်ကြည့်ပါ။ ကိုယ့်အတွက် အသိပညာဗဟုသုတရစေမယ့် လှုပ်ရှားမှုတွေမှာ ပါဝင်ကြည့်ပါ။


 

၇.အမြဲတမ်းကိုယ့်ကိုယ်ကို အားပေးဖို့ မမေ့ပါနဲ့💕


 

မနက်တိုင်းမှာ Positive energy တွေပြည့်နေဖို့ ကိုယ့်ကိုယ်ကို အားပေးစကားတွေ ပြောပေးပါ။ ဥပမာ - “ ငါဒါကို လုပ်ကိုလုပ်နိုင်တယ်။ ငါ အကောင်းဆုံး လုပ်နိုင်တယ် ” ဆိုပြီး အမြဲတမ်းတွေးပါ။ Positive Thoughts, Positive energy တွေရှိနေရင် ကိုယ့်ကို ယုံကြည်မှုတိုးစေပါတယ်။


 

အပေါ်က ( ၇ ) ချက်လေးကို သေချာလေးလိုက်လုပ်ပြီး အတတ်နိုင်ဆုံး လေ့ကျင့်ကြည့်ပါ။ ယုံကြည်မှုရှိနေရင် အလိုလိုနေရင်း အကြည်ဓာတ်လေးတွေပေါ်လာပါလိမ့်မယ်။ YouMe Social App မှာလည်း ယုံကြည်မှုရှိရှိနဲ့ လက်တွဲဖော်တွေ သူငယ်ချင်း မိတ်ဆွေတွေ ရှာကြည့်ပါ။


 

3

Comments

No Comments!

Enter A Comment

Enter A Reply