Thu December, 2024

Relationship တစ်ခုမှာ ဘယ်အရာတွေက red flag တွေဖြစ်မလဲ

YouMe Post Image

Relationship တစ်ခုမှာ ဘယ်အရာတွေက red flag တွေဖြစ်မလဲ 💕

 

Relationship မှာ red flags တွေဆိုတာက Unhealthy relationship ကို ဦးတည်နေတဲ့ သတိပေးအချက်အလက်တွေပဲဖြစ်ပါတယ်။ ဒီလို red flags တွေကို စောစောစီးစီးသိထားရင် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မြန်မြန် move on နိုင်ပြီး ဆုံဖြတ်ချက်တွေကိုလည်း မှန်မှန်ကန်ကန်ချနိုင်ဖို့ လမ်းညွှန်ပေးနေတဲ့ အချက်လေးတွေဖြစ်ပါတယ်။ ရှေ့ပဲဆက်သွားရမလား ၊ Relationship ကို ရပ်တန့်ပစ်လိုက်ရမလား ။ ဒီနေ့မှာ relationship မှာ ဘယ်ဟာတွေက red flags တွေဖြစ်နေမလဲဆိုတာ ပြောပြမယ် 

 

၁ . မသိချင်ယောင်ဆောင်နေမယ် 💕

 

ကိုယ့်ကို ဂရုမစိုက်တဲ့ အရိပ်အယောင်တွေပြလာတာ ၊ ကိုယ့်ရဲ့ အချစ်တွေ ကြင်နာမှုတွေကို မမြင်ချင်ယောင်ဆောင်လာတာ ၊ Privacy နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေမှာ စည်းမရှိ ethic မရှိဘဲ လေးစားမှုမရှိတဲ့ အပြုအမူတွေ ပြုလုပ်လာတတ်ကြတယ်

 

၂ . ကိုယ့်ကို အလွန်အကျွံ ထိန်းချုပ်လာမယ် 💕

 

ကိုယ့်ရဲ့ နေ့စဉ်နေထိုင်သွားလာနေတဲ့ပုံစံ ၊ ဝတ်စားပုံတွေ ၊ နောက်ဆုံး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ချိန်းတဲ့နေရာတွေထိ လိုက်ပြီး ချုပ်ချယ်ထိန်းချုပ်နေမယ်ဆိုရင် ဒါဟာ red flag အကြီးစားပဲဖြစ်ပါတယ် ။ ကိုယ့်ကို ဟိုလူနဲ့ သဝန်တိုလိုက် ဒီလူနဲ့ဆိုလည်း သဝန်တိုလိုက်နဲ့ ကိုယ့်ရဲ့ ဖုန်းတွေကို privacy မရှိ လိုက်စစ်ပြီး စွပ်စွဲတတ်တဲ့ အပြုအမူတွေက red flag တွေရဲ့ အပြုအမူတွေဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကလည်း မှန်ကန်နေဖို့လည်းလိုတယ်နော် ။ ကိုယ်တိုင် သစ္စာမရှိနေရင်လည်း ကိုယ်တိုင်ကလည်း red flag ဖြစ်နိုင်တယ် ။ 

 

၃ . ဆက်ဆံရေးတွေ တဖြည်းဖြည်းအဆင်မပြေလာဘူး 💕

 

ကိစ္စတစ်ခုကို တိုင်ပင်ဆွေးနွေးတဲ့အခါ စိတ်မရှည်တဲ့ပုံစံ ၊ မသိသလိုကြီးနေပြီး ဂရုမစိုက်ပုံစံတွေလုပ်လာပြီဆိုရင် မြန်မြန် move on နိုင်ဖို့သာကြိုးစားပါတော့ ။ နောက်ပိုင်း unhealthy relationship ပဲဖြစ်လာလိမ့်မယ် ။ ကိုယ့်ကို သူငယ်ချင်း ၊ မိသားစုထဲက ဆွဲထုတ်ဖို့ တအားချုပ်ချယ်လာပြီဆိုရင် ဒါတွေဟာ red flags ဖြစ်လို့ အမြန်ဆုံး သူ့ဆီက ရုန်းထွက်လာတာအကောင်းဆုံးပါ ။ နောက်ပိုင်း သူငယ်ချင်း ၊ မိတ်ဆွေကပါ ကိုယ့်ကိုပလစ်လာတဲ့ထိ social မကောင်းတဲ့လူကို ကိုယ့်ကို ထင်လာနိုင်ပြီး လူမှုကိစ္စတွေမှာ ဆိုးရွားတဲ့ကိစ္စတွေဖြစ်လာနိုင်ပါတယ်‌ ။

 

၄ . စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်လာတဲ့လူ 💕

 

ဒါက ပြောစရာမလိုအောင် အဆိုးရွားဆုံးလူတွေ red flags တွေရဲ့ အဆိုးရွားဆုံးအပြုအမူတွေဆိုတာ relationship တိုင်းသိကြမှာပါ ။ ချစ်သူရည်းစားအဆင့်မှာထဲက ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာပျက်စီးလာအောင် စကားအသုံးအနှုန်းတွေနဲ့ နှိပ်စက်လာမယ် ( ဥပမာ - အဲ့စကပ်တိုကြီးမဝတ်နဲ့ ခြေထောက်လေးက သေးသေးလေး ၊ မဲနေတာပဲ ) ဒီလို ကိုယ့်ကိုယုံကြည်မှုကျစေတဲ့စကားတွေပြောတတ်တဲ့ချစ်သူရည်းစားတွေဟာ red flag တွေဖြစ်ပါတယ် ။ ကိုယ်ပိုင်းဆိုင်ရာ ရိုက်နှက်တာတွေ ၊ ထိုးတာတွေ ၊ လက်ပါတတ်တဲ့ ယောက်ျားလေးတွေ ၊ မိန်းကလေးတွေကလည်း red flags တွေဖြစ်တဲ့တွက် တကယ်လို့ ကိုယ့်ကို ဒီလိုအပြုအမူတွေလုပ်လာပြီဆို မိသားစု ၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး အမြန်ဆုံး ရုန်းထွက်လာပါ ။ 

 

၅ . ကိစ္စသေးသေးလေးတွေကအစ လိမ်တတ်တဲ့လူ 💕

 

အမှားလုပ်မိခဲ့ရင် တာဝန်ယူတတ်တဲ့စိတ် တောင်းပန်တတ်တဲ့စိတ်မရှိဘဲ သူ့အမှားကို ကိုယ့်အမှားဖြစ်အောင်ပြောတတ်တဲ့သူတွေကလည်း Red Flag စာရင်းထဲမှာပါပါတယ် ။ နောက်ပြီး ကိုယ့်ကို အရင်လို ဂရုမစိုက်တော့ဘဲ သေးသေးလေးတွေကအစ လိမ်တတ်လာပြီး ခြေလှမ်းတွေစပျက်လာပြီဆို အမြန်ဆုံး Move on နိုင်အောင်ကြိုးစားတာ အကောင်းဆုံးပါပဲ ။

 

ဒီလို red flag တွေကိုတွေ့လာရင် ကိုယ့်ရဲ့ စိတ်ကိုပြင်ဆင်ထားပြီး healthy relationship သွားနိုင်မသွားနိုင် သေချာလေးစဉ်းစားဆုံးဖြတ်တတ်မှ red flag တွေနဲ့ဝေးပြီး ကောင်းမွန်တဲ့လက်တွဲဖော်လေးကို ရှာတွေ့နိုင်မှာပါ ။ ကိုယ်ကိုယ်တိုင်လည်း red flag ဖြစ်နေလား toxic relationship ထဲရောက်နေလားဆိုတာ အပေါ်ကအချက်တွေနဲ့ စမ်းစစ်ပြီးသိနိုင်ပါတယ်။ ကိုယ့်တွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်လာတဲ့လူရှိလာပြီဆိုရင် အတတ်နိုင်ဆုံး ရုန်းထွက်လာပြီး အသိပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ ။ YouMe မှာလည်း ဆရာဝန်တွေ ၊ ရှေ့နေတွေရှိတာကြောင့် ကိုယ့်ရဲ့ပြဿနာတွေကို တိုင်ပင်ရင်ဖွင့်လို့ ရပါတယ် ။

1

Comments

Enter A Comment

Enter A Reply