Sun July, 2023

ကိုယ့်ချစ်သူကောင်မလေးကိုဘယ်လိုချော့မလဲ??

YouMe Post Image

ကိုယ့်ချစ်သူကောင်မလေးကိုဘယ်လိုချော့မလဲ??

နံပါတ် (၁) အနေနဲ့ကတော့ တစ်ယောက်နဲ့ တစ်ယောက် ကောင်းမွန် တဲ့ communication

ရှိဖို့က အဓိကကျပါတယ် ဗျ။ ကိုယ့်ရဲ့

စိတ်ခံစားချက် တွေ ကိုယ့်ရဲ့ ထင်မြင်မှုတွေ

ကိုယ်ရဲ့ သူမနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်နေရတာ

တွေ ကို ပွင့်ပွင့်လင်းလင်း ရိုးသားစွာ ပြောပြ

ပါ။ အဲ့ဒီအချိန်မှာ သူမ သေသေချာချာ

အာရုံ စိုက်ပြီး နားထောင်နေမှာ အမှန်ပါ။

တစ်ယောက်နဲ့ တစ်ယောက် ရဲ့အမြင်တွေကို

သိပြီး နားလည်​ပေး ခြင်းကို အခြေခံပြီး

ချော့မယ်ဆိုရင် စိတ်ဆိုးပြေနိုင်ဖို့ ရာခိုင်နှုန်းပို

များပါတယ်ဗျ?

နံပါတ် (၂) အနေနဲ့ကတော့ ကိုယ်ချင်းစာမှုနှင့်

နားလည်မှုလေးထားဖို့ ကတော့အရေးကြီး

တာပေါ့နော် ။ အကယ်၍ ကိုယ်က စချော့တော့

မယ် ဆိုရင် ကိုယ့်ချစ်သူ ရဲ့ ရှု့ထောင့်ဘက်

ကအမြင် ခံစားချက် စိုးရိမ်ပူပန်မှု့

တွေကို စာနာ နားလည်ပေး ဖို့လိုပါတယ်။

ကိုယ့်ချစ်သူမှာ ရှိတဲ့ လိုအပ်ချက်တွေ ကို လည်း

အပြစ်လို မပြောပဲ စာနာ နားလည်ပေး ဖို့

လိုပါတယ်။ အဲ့ချိန်ရောက်ရင် ကိုယ်က သူ့စိတ်ကို

နားလည်ပေးတာကိုမြင်သွားပြီးတော့

ချော့စရာမလိုပဲ စိတ်ဆိုးပြေ သွားနိုင် ပါတယ်။?

နံပါတ် (၃) အနေနဲ့ကတော့ ပြဿနာတစ်ခု ကို

ဖြေရှင်း တဲ့နေရာမှာ တစ်ယောက်နှင့်တစ်ယောက်

စိတ်ရှည်ရှည်နှင့် အချိန်ပေးပြီး ဖြေရှင်းသင့်ပါတယ်။ ?

ကိုယ့်ချစ်သူ က သေသေချာချာ စဥ်းစား ဆုံးဖြတ်

နေတဲ့ အချိန် သူ့ဘက် ကိုယ့်ဘက် အခြေအနေ

ကို သုံးသပ်နေတဲ့ အချိန်အလျင်စလိုမျိုး

ဖိအားမပေးဖို့ လိုအပ်ပါတယ် ။ အဲ့ဒီလို

ကိုယ့်ချစ်သူ ကို အချိန်ပေးပြီးမှ ဖြေရှင်း ခြင်း

ဟာ အလျင်စလို မျိုး ဖိအားပေးပြီး

ဖြေရှင်းတာထက် ပို ပြီး အဆင်ပြေနိုင်ဖို့

ရာခိုင်နှုန်း များပါတယ် ။ ဘာကြောင့်လဲဆိုတော့

သွေးဆူနေတုန်း ပြဿနာ ကို ဖြေရှင်းတာ

ထက် စိတ်ငြိမ် တဲ့ အချိန်မှ ပြဿနာ ကို

ဖြေရှင်း တာအကောင်းဆုံးပါ။?

မင်မင်ပြောပြထားတဲ့အချက်လေးတွေနဲ့

အဆင်ပြေကြပါစေခင်ဗျာ။?

 

0

Comments

No Comments!

Enter A Comment

Enter A Reply