Mon July, 2023

အနီရောင်ကြိုက်တဲ့သူတွေ ရဲ့ စိတ်နေသဘော ထားက ဘာတွေဖြစ်မလဲ??

YouMe Post Image

အနီရောင်ကြိုက်တဲ့သူတွေ ရဲ့ စိတ်နေသဘော
ထားက ဘာတွေဖြစ်မလဲ??

နံပါတ် (၁) အနေနဲ့ကတော့ အနီရောင် ကြိုက်တဲ့
သူ တော်တော် များများက အနီရောင်လိုပဲ
ရဲရင့်တယ်…..တည်တည်ကြည်ရှိတယ် …
ပြတ်သားတယ်… ဆုံးဖြတ်ချက် ခိုင်မာတယ်
ကိုယ့်အထာနဲ့ ကိုယ်နေတက်တဲ့ သူများ
ထဲမှာ ပါတယ် … ယခု ခေတ်ကာလ စကားနဲ့
ပြောရမယ်ဆိုရင်တော့ အထာရှိတယ်ပေါ့ဗျာ …?

နံပါတ် (၂) အနေနဲ့ကတော့ အနီရောင် ကြိုက်တဲ့
သူတွေ က စူးစမ်းလေ့လာမှု့ အားကောင်းတယ်…
အသစ်သစ်တွေ ကိုလေ့လာ သင်ယူချင်စိတ်
ရှိတယ် … ဘယ်တော့မှ ရပ်သွားတယ် ဆိုတာမျိုး
မရှိဘူး … try ပြီးရင် try ချင်နေတဲ့ သူမျိုးတွေပါ
ဗျာ … အချို့လူတွေဆို ဆက်မလေ့လာချင်
တော့ဘူး ပျင်းသွားပြီ ဆိုတာမျိုး တွေ ရှိတက်
ကြတယ် … သူတို့ ကတော့ အဲ့လိုမျိုး လုံးဝ
မဟုတ် ဘဲ အဆက်မပြတ် အမြဲ study လုပ်ရတာကို ကြိုက်တဲ့ သူမျိုးထဲမှာ ပါပါတယ်…
သင်ယူလိုစိတ်လည်း အားကောင်းသလို
ရည်ရွယ်ချက် လည်းကြီးမားတဲ့ သူမျိုးတွေပါ …?

နံပါတ် (၃) အနေနဲ့ကတော့ အနီရောင်ကြိုက်တဲ့
သူတွေက Risk ယူရတာ အရမ်းကြိုက်
တဲ့သူမျိုးတွေပါ … မဖြစ်နိုင်ဘူး ဆိုတဲ့ အရာ
တွေကို မှ မဖြစ်ဖြစ်အောင် လုပ်တက်ကျတဲ့
သူမျိုး တွေပါ … သူတို့ တွေက အလုပ် တစ်ခု
ဆို တစ်ခု အာရုံစိုက် ပြီး လုပ် တက်ကျတဲ့ သူမျိုး
တွေပါ …?

နံပါတ် (၄) အနေနဲ့ ကတော့ အနီရောင်သမား
တွေ က မဟုတ်မခံတဲ့ အမှန်တရား ဘက်တော်
သားဖြစ်တဲ့အတွက် အချို့ စကားဝိုင်းတွေ မှာ
ဆို စကားအချေတင် ပြောတာမျိုးတွေ ဖြစ်
တက်တယ် … အဲ့ဒါကြောင့် အနီရောင်ကြိုက်တဲ့ သူတွေ အနေနဲ့ တော့ ဒီအချက် လေးကိုတော့ သတိထားစေချင်ပါတယ်ဗျ …?

မင်မင်ပြောပြထားတဲ့ အချက်လေးတွေ နဲ့ အဆင်ပြေ ကြပါစေ ခင်ဗျာ?

 

0

Comments

No Comments!

Enter A Comment

Enter A Reply